
by Aye Say Studio
မင်္ဂလာပါ ကျွန်မကတော့သီရိပါ။အိမ်ကလေး Podcast နဲ့ မိတ်ဆက်ပေးပါရစေရှင်။လူတိုင်းလူတိုင်းမှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစု ၊ မိဘ၊ မောင်နှမ၊ သားသမီး၊ ချစ်သူ ခင်သူ၊ ဆွေမျိုး၊ အပေါင်းအသင်း၊ မိတ်ဆွေ စတဲ့ Relationship ပေါင်းများစွာနဲ့ နေ့စဉ်ထိတွေ့ ဆက်နွယ်နေကြပြီး ဘဝကို ဖြတ်သန်းနေကြတာပဲ မဟုတ်ပါလားရှင်။ ဒီလို မတူညီတဲ့ ဆက်နွယ်မှုတွေနဲ့ ဘဝကို အသီးသီး ဖြတ်သန်းနေရင်းနဲ့ပဲ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေမှာ မလွှဲမသွေ ကြုံတွေ့ကြရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပဲပေါ့ရှင်။ ဒါကြောင့် ဒီလို မတူညီတဲ့ Relationship ပေါင်းများစွာရဲ့ အချင်းချင်း နားလည်ဖေးမမှုတွေ လွတ်လပ်မှုတွေ ဝါသနာတွေ စီမံခန့်ခွဲမှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချစ်ခြင်းမေတ္တာတွေ အစရှိတဲ့ ပြောရင်တောင်ကုန်မှာမဟုတ်တဲ့ မျိုးစုံသော အကြောင်းအရာတွေ အများကြီးကို နယ်ပယ်ပေါင်းများစွာက ချစ်ခင်ရသူတွေနဲ့ ကျွန်မတို့ရဲ့ အိမ်ကလေး Podcast မှာ ရင်းရင်းနှီးနှီး စကားဝိုင်းဖွဲ့ ပြောဆိုဆွေးနွေးသွားကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်ကလေး Podcast ကနေ အပတ်စဉ် စိတ်ဝင်စားစရာကောင်းတဲ့ စကားဝိုင်းလေးတွေ၊ သွားရောက်လည်ပတ်လို့ကောင်းတဲ့ နေရာလေးတွေ၊ မိသားစုဝင် အချင်းချင်း ရ